သာပေါင်း ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အဖွဲ့ဝင်များ ယမန်နေ့ ညနေ ၃ နာရီ အချိန်က ငဝန်ကြို့ကုန်းကျေးရွာအုပ်စုတွင် မိုးစပါး (ရက် ၉၀ စပါးမျိုး) ၅.၅ ဧက စိုက်ပျိုးဖြစ်ထွန်း ရိတ်သိမ်းထွက်ရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်နှင့် အဖွဲ့ဝင်တို့က စပါးရိတ်သိမ်းချိန် အလေအလွင့်နည်းနိုင်သမျှ နည်းစေရန်၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဝေပေးပြီး နောက်ထပ် နွေစပါးသီးထပ် အချိန်မီစိုက်ပျိုးနိုင်ရေး တွန်းအားပေး ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာ၊ ရှောက်ချောင်းကွင်း၊ ကွင်းအမှတ်(၇၀၇)၊ ဦးပိုင်(၃၁/၁)၊ တောင်သူ ဦးတင်ဝင်း၏ မိုးစပါး(ရက် ၉၀ စပါးမျိုး) ၅.၅ ဧက ရိတ်သိမ်းရာ (၁)ဧက အစို(၁၁၅)တင်း၊ အချောက်ခံ (၁၀၅)တင်း စိုက်ပျိုးဖြစ်ထွန်း ထွက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်