ကော့ကရိတ်၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဝါဆိုဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးရွှေမှ အမှာစကားပြောကြားရာတွင် မကြာခင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးရဲများအနေဖြင့် တက်ကြွစွာနှင့် အမှားအယွင်းမရှိ ဆောင်ရွက်ကြရန်ပြောကြားပြီး သင်တန်းဆင်းလက်မှတ များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၇၃) ဦး တက်ရောက်ခဲ့ပြီး ကော့ကရိတ်မြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း (၁၂၃)ရုံရှိရာ အထူးရဲ (၁၂၃)ဦးခန့် ထားရှိတာဝန်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)