ရွှေတောင်မြို့နယ်တွင် နွေစပါး(Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် ရတနာတိုး (YSR) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ

ရွှေတောင် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ ကွင်းအမှတ်(၄၂၀C)အင်ကြင်းစင်ကွင်းအတွင်းရှိ တောင်သူဒေါ်ဌေးရီ၏ လယ်မြေ(၄.၀၀)ဧကတွင် ယမန်နေ့နံနက်ပိုင်းက နွေစပါး(Drum Seeder)လက်စွဲကောက်စိုက်စက်ကိရိယာဖြင့် ရတာနာတိုး(YSR) စပါးမျိုးစိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် လက်တွေ့သရုပ်ပြခြင်း၊ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ နွေစပါးစိုက်ပျိုးတောင်သူများအား သက်တမ်းတိုအထွက်ကောင်းမျိုးများဖြစ်သည့် ဗီယက်နမ်(ဆာဖိုသာ) စပါးမျိုး၊ ရတနာတိုးစပါးမျိုးနှင့် ရက်(၉၀)စပါးမျိုးများပြောင်လဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့်သာ စိုက်ပျိုးရန်၊ စိုက်ပျိုးရေးလေလွင့်မှုမရှိစေရေးနှင့် သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းစေရေးတို့အတွက် တောင်သူများအားအသိပေးဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးအောင်မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများကို သက်တမ်းတိုအထွက်ကောင်းမျိုးများစိုက်ပျိုးရန် လိုအပ်သည့်မျိုးနှင့် သွင်းအားစုနည်းပညာအကူအညီများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ နွားမယံ၊ ကြို့ကုန်း၊ ဆည်ကြီးကုန်း၊ ကြာနီကန်၊ မင်းကွန်း၊ မီးလောင်၊ ဝါးတော၊ အိုးထိမ်းကုန်း၊ ဇယ်မ၊ မဲတော၊ ထန်းကုန်း)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား(၉၈)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)