ပလောက်မြို့ ၌ ၂၀၂၀ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ ကျင်းပ

ပလောက်၊ အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် (၈) နာရီအချိန်က အထကပလောက် KG ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်စိုးဝင်းက သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၂၅) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်ပြန်/ဆက်)