ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက်(၉:၃၀)အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုတို့မှလာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကိုမှာကြား၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို​​ နံနက်(၉:၃၀)အချိန်မှ ညနေ(၄:၀၀)အချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ လူနာဟောင်း (၈၈)ဦး၊ လူနာသစ်(၉)ဦးစုစုပေါင်း (၉၇)ဦးခန့် ဆေးကုသမှုခံယူလျက်ရှိပြီး လစဥ်(၂၁)ရက်နေ့တိုင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)