ပန်းတောင်း ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာကြီးကွင်းအမှတ်(၉၈)၊ တောင်သူဦးထွန်းကြည်၏လယ်မြေ(၃.၀၀)ဧကတွင် ကောက်စိုက်လက်ဆွဲစက်ဖြင့် YSR စပါးမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးဦးချစ်ကိုကို၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးနိုင်လင်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်ပူးပေါင်း၍ ကောက်စိုက်စက်(လက်ဆွဲ)ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းနှင့် ကောက်စိုက်စက်(လက်ဆွဲ) အသုံးပြုပုံအဆင့်ဆင့်တို့အား တက်ရောက်လာသော တောင်သူများကို ရှင်းလင်းပြသခဲ့ပြီးလက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)