ကော့သောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိပြီး ဘဏ်အတွင်းတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရေးရည်ရွယ်၍ ဆန်တစ်ပြည် (၃၆၀၀)ကျပ် ဆီတစ်ပိဿာ (၅၆၅၀)ကျပ်နှုန်းဖြင့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်ကုန်သည်များ၊ ဆီကုန်သည်များအသင်းများမှ တာဝန်ရှိသူများက ရောင်းချပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)