လောင်းလုံးမြို့တွင် အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လောင်းလုံး အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးမဲရုံအသီးသီး၌မဲရုံလုံခြုံရေးအတွက်အထူးရဲများ တာဝန်ပေး နိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက အထက-လောင်းလုံး ကျောင်း ၊ရတနာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်းလွင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိ သူများနှင့်အတူသင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို ပေးအပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး မင်းလွင်ကကျေးဇူးတင် စကား ပြောကြား၍ သင်တန်းတွင်ပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါအထူးရဲသင်တန်းကိုရပ်ကွက်နှင့် ကျေးရွာမျာမှ သင်တန်းသား (၁၁၂)ဦး တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးရေး ညွှန်ကြားချက် များနှင့် အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)