မြိတ်၊ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး (၁၇)ဦးတွေ့ရှိခဲ့သဖြင့် ပိုးတွေ့ရှိသူများနေထိုင်သည့် ရပ်ကွက်/ကျေးရွာ(၄)ခုတွင် နေရာ(၈)နေရာအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်၍ ၄င်းတို့ နှင့်ထိတွေ့ခဲ့သူများကို Quarantine Centre သို့ ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ(၁၇)ဦးတွင် (၁၅)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းသုံးဦး နှင့် ထိတွေ့ခဲ့သူများဖြစ်ကြကာ Quarantine Centre တွင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာမှ ဓာတ်ခွဲ နမူနာရယူစစ်ဆေးရာ အောက်တိုဘာလ(၂၆)ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ (၂)ဦးမှာ ၎င်းတို့၏ မိသားစုဝင်များဖြစ်၍ အောက်တိုဘာလ(၂၇)ရက်တွင် အနံမရ၍ ပြည်သူဆေးရုံတွင် ပြသစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ လောလောဆယ် ပိုးတွေ့ရှိသူအားလုံး အခြေအနေကောင်းပါတယ်။ ရောဂါပိုးရှိတာပဲရှိပြီး လက္ခဏာ မရှိပါ။ အားလုံးကောင်းပါတယ်။ ရောဂါပိုးရှိတာကလွဲပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်ပြီး ဘာမှ မရှိပဘူး” ဟု ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်း က ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့ခဲ့သူများကို Quarantine Center တွင် ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ မော်လမြိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေးလျက်ရှိ ာင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများမှ ကျွန်းရတနာခန်းမ အောက်တိုဘာလ (၂၇)ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)