စလင်း ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ၁၅အချိန်က အဆိုပါကျောင်းရှိ ဗိုလ်ဥတ္တမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသား/ ကျောင်းသူလေးများက ကြိုဆိုပါတယ် စုံညီပွဲတော်တေးသီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီနှင့် ကျောင်းအကျိုးတော်ဆောင် ဆရာကြီး ဦးဝင်းကြည်တို့က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ဆောင်ရွက်မှုအခြေအနေများ ကျောင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ Grade-7 ကျောင်းသူကလေး မဆုပြည့်ပြည့်ကျော်က လမ်းပြကြယ်တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့သည် ထို့နောက် Grade-9 ကျောင်းသား/ ကျောင်းသူကလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် လည်းကောင်းသီဆိုဖျော်ဖြေခဲ့ပြီး Grade-9 အင်္ဂလိပ်စာသင်ပြမှု ထူးချွန်ဆုရ ဆရာ ဆရာမ(၅)ဦးနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ပညာရည်ချွန်ဘက်စုံထူးချွန်ဆု ကျောင်းတက်အမှန်ဆုံး ဆရာ/ဆရာမဆုများနှင့် မူလတန်းအဆင့် ပြိုင်ပွဲအသီးသီးမှဆုရရှိကြသည့် ကျောင်းသား ကျောင်းသူ(၁၂၂)ဦးနှင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် ပြိုင်ပွဲအသီးသီးတို့မှ ပြိုင်ပွဲဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူ(၅၂)ဦးတို့အား အခမ်းအနား တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး မြို့နယ်ပညာရေးမှူး အငြိမ်းစား ဒေါ်အေးအေးရီနှင့် ကျောင်းအကျိုးတော်ဆောင် နာယက ဆရာကြီး ဦးဝင်းကြည်နှင့် အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အလှူရှင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး Grade-10 ကျောင်းသား ကျောင်းသူကလေးများက ပြည့်မြန်မာ တေးသီချင်းအားစုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)