ဖာပွန်မြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်း ဆင်းပွဲကျင်းပ

ဖာပွန် အောက်တိုဘာ ၂၈

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်ထမ်း​ဆောင်မည့် အထူးရဲများသင်တန်း ဆင်းပွဲကို ယ​နေ့နံနက်(၉)နာရီအချိန် က မြို့မရဲစခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြင့်စိုးက သင်တန်းဆင်းအမှာစကား​ပြောကြားရာ တွင်"သင်တန်းသားအထူးရဲများအ​နေဖြင ့်မြန်မာနိုင်ငံ ရဲဥပဒေနှင့် နည်းဥပဒေများ ၊ ရွေးကောက် ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များကိုသိရှိပြီးဖြစ်၍ တာဝန်ထမ်း​ဆောင်ရာတွင် ဥပ​ဒေ၊နည်းဥပ​ဒေနှင့်အညီ ​ဆောင်ရွက်သွား​စေလို​ကြောင်း" မှာကြားခဲ့သည်။

အဆိုပါ မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွား သင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့မှ(၂၈) ရက်​နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ရာ အထူးရဲ (၁၆)ဦး တက်​ရောက်ခဲ့​​ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊တိုး​ဝေဇင်(ပြန်​ဆက်)