ဖျာပုံမြို့၌ အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေး

ဖျာပုံ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဆရာဇော်ဂျီ စာကြည့်တိုက် ဗေဒါခန်းမတွင် AIA. Myanmar မှ ကြီးမှူးကျင်းပသော အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးရာတွင် AIA. Myanmar မှ မန်နေဂျာ ဒေါ်သင်းသင်းရီက အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများအား အသိပညာပေးဆွေးနွေးပြောကြား သည်။ ထို့နောက် တက်ရောက်လာကြသော ပြည်သူများက အသက်အာမခံထားရှိခြင်းနှင့် ကျန်းမာရေးအာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သိရှိလို သည်များအား မေးမြန်းရာ AIA. Myanmar မှ မန်နေဂျာ ဒေါ်သင်းသင်းရီက
ပြန်လည်ဆွေးနွေးဖြေကြားသည်။ ဆက်လက်၍ AIA. Myanmar မှ ဒေါ်ရွှန်းလဲ့၊ ဒေါ်ချယ်ရီ၊ ဒေါ်ဌေးဌေးလင်းနှင့် ဒေါ်သင်းသင်းရီတို့က အာမခံထားရှိပုံများနှင့် ပတ်သက်ပြီး ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းမှုကို ဦးဆောင် ဆွေးနွေးသူ များက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)