ငရုတ်ကောင်းမြို့တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ငရုတ်ကောင်း  ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ မီးသတ်ဦးစီးဌာနမှမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းကရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံအသိပညာပေးကြေငြာခဲ့ကြောင်းသိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုမှုများ၊ နေအိမ်များတွင်မီး‌‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဗူးများ အဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ‌ ကောင်းမွန်မှု ရှိ/မရှိစစ်ဆေး ထားရန်၊မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေးအန္တရာယ်ကြုံ‌တွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်း‌ပေးပို့ဆောင်ရွက်ကြရန်စသည့် အချက်အလက်များနှင့် မီးသတ်ဦးစီးဌာန၏ဥပဒေ၊ နည်းဥပဒေများကိုလိုက်လံ အသိပညာပေး ကြေငြာခဲ့ကြောင်းသိရသည်။

ငရာတ်ကောင်း(ပြန်/ဆက်)