အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

အုတ်ဖို ဇန်နဝါရီ ၂၂

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း ဦးဆောင်မှုဖြင့် အေးမြသာယာတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာသီရိရွှေစင်လှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးရာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း (၁၂၁) ဦးအား စစ်ဆေးကုသပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)