ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့်အာဟာရဒါန ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဝါးခယ်မ    ဇန်နဝါရီ    ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့များက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်‌ပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အခြေခံစား သောက်ကုန်များဖြစ်သည့် ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အာဟာရဒါနအဖြစ် နွားနို့နှင့် မုန်းများကျွေးမွေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ လစဉ် (၂၁)ရက်နေ့တွင် ပင်စင်လစားများစတင်ထုတ်ပေးလျက်ရှိရာ ပင်စင်စားဦးရေစုစုပေါင်း (၂၇၈၅)ဦးရှိသည့်အနက် ယနေ့ထိလာရောက်ထုတ်ယူသူ (၅၅၀)ဦးရှိကြောင်း ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)