အိမ်မဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး မှ ဦးဆောင်၍ စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ မှ ပူးပေါင်း၍ ဆောင်ရွက်ပေးရာ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်း များဆောင်ရွက်ရာ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို သွေးတိုး၊ နှလုံး၊ ဆီးချို များ တိုင်းတာစစ်ဆေးပေး၍သောက်ဆေးများပေးခြင်းနှင့်အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ များကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
“ အဘကတော့ အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာကပါ။ အခုမြန်မာ့စီးပွားရေးဘဏ်ကို လာတာကတော့ အဘရဲ့ ပင်စင်လစာကို လာရောက်ထုတ်ယူတာပါ။ အခုလို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး အဘတို့လို ပင်စင်လာ ရောက်ထုတ်ယူသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စားသောက်ကုန်တွေကို စျေးသက်သာစွာနဲ့ ရောင်းချပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးကို ကျေးဇူးအထူး တင်ပါတယ်လို့” ပင်စင်လာရောက်ထုတ်ယူသူ အဘ တစ်ဦး ကပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)