(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း‌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း  ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကြောင်းမှူးမှဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အလံအား အလေးပြုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း‌ ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အားကစားသမားအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ယှဉ်ပြိုင်ကြရန်၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ အားကစားပစ္စည်းများပေးအပ် လှူဒါန်းခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း‌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု အားပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)