ပဲခူး ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသောရောဂါများနှင့် ပတ်သက်၍ တစ်ခုတည်းသော ကျန်းမာရေးနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအဆင့် အသိပေးညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက မြန်မာနိုင်ငံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများမှာ နှစ်စဥ်ရောဂါတစ်ခုမဟုတ်တစ်ခု ကပ်ရောဂါအသွင်ဖြင့် ထြစ်ပွားလျှက်ရှိနေပြီး သေဆုံးမှူများကိုလည်း တွေ့နေရဆဲဖြစ်ကြောင်း၊ ကာကွယ်ဆေးများကို ပုံမှန်အစီအစဥ်အတိုင်း ရာနှုန်းပြည့်ထိုးနှံတိုက်ကျွေးနိုင်ရေးမှာ အလွန်အရေးကြီးနေသလို တစ်ဘက်မှာလည်း ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများအား မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုရန်မှာလည်း အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ချမှတ်ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ကင်းစင်ပပျောက်ရေးနည်းဗျူဟာ၊ ရည်မှန်းချက်များအား ရာနှုန်းပြည့်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်မှာလည်း အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ အချိန်မှီဆောင်ရွက်နိုင်ရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများသည်လည်း အရေးကြီးကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကင်းစင်ပပျောက်ရေးနည်းဗျူဟာ၊ ရည်မှန်းချက်များအား ရာနှုန်းပြည့်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ရောဂါများအပါအဝင် ကူးစက်ရောဂါတစ်မျိုးချင်းစီ၏ မိက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ပိုမိုအားထည့်ဆောင်ရွက်လာနိုင်ရေးအတွက် ကြိုစားဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါအစည်းအဝေးတွင် တက်ရောက်လာကြသည့် ဆေးရုံအုပ်များ၊ သမားတော်များ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုများ၊ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ ခွေးရူးပြန်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ လစဥ်ပေးပို့ကြရမည့် report များနှင့် ရှေ့ဆက်လုပ်ဆောင်ကြမည့် လုပ်ငန်းစဥ်များကို ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)