လိပ်သိုမြို့တွင် (Pfizer) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးစတင်ထိုးနှံ

လိပ်သို ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အသက် (၅၀) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (Pfizer)  ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (Pfizer) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံလာသူ ပြည်သူများအား ကျန်းမာရေးဆရာမ ဒေါ်နော်ဇင်မေထွေး ဦးဆောင်သောဝန်ထမ်းများက ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သတ်မှတ်ပုံစံတွင် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို နိုင်ငံ့ဝန်ထမ်း (၁၈) ဦး၊  ပြည်သူ (၁၀) ဦး စုစုပေါင်း (၂၈) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ဆေးထိုးလာသူပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)