စေတုတ္တရာ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၈)နာရီက ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ(၇၀၅)ဦးရှိရာ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် သူနာပြုဆရာမများက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများ စစ်ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုအားလုံးအတွက် ဆေးဝါးနှင့် သွေးဖောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ သက်ကြီးဘိုးဘွားများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများကို အခမဲ့စစ်ဆေးကုသမှုပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)