ရွှေဘိုတက္ကသိုလ်၌(အ​ဝေးသင်သင်တန်း) နဝမအကြိမ်​မြောက် ဘွဲ့နှင်းသဘင် ကျင်းပ

​ရွှေဘို  ဇန်နဝါရီ  ၂၂

       စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင်(အ​ဝေးသင်သင်တန်း) နဝမအကြိမ်​မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့ နံနက်( ၉)နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားပြီး ၂၀၁၉ နှင့် ၂၀၂၀ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် အ​ဝေးသင် သင်တန်းတို့တွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် ဘွဲ့အသီးသီးအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက် ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်အသီးသီး အပ်နှင်းခဲ့ကြောင်း သိရသည်။

   အခမ်းအနားသို့​ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး​ ဒေါက်တာ တင်တင်ရီနှင့် တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့် ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊  ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

   အဆိုပါ (အ​ဝေးသင်သင်တန်း) နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အပိုင်း(၂)ပိုင်းခွဲပြီး ကျင်းပခဲ့​ကာ စုစု​ပေါင်း တက်​ရောက် ဘွဲ့ယူသူ (၂၃၆)ဦး ရှိ​ကြောင်း သိရသည်။

  အေးမြင့်စန်း(ပြန်/ဆက်)