ကာလိ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ကျောင်းသူများကို စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ စာပေဖတ်ရှု့လေ့လာသင့်ကြောင်း၊ စာအုပ်စာစောင်များကို မိတ်ဆွေသဖွယ် သဘောထား သင့်ကြောင့် စသည့်ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများကို အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြခဲ့ပြီး မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)