နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ Box Culvert တည်ဆောက်

ထန်ပါခွေ ဇန်နဝါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် Box Culvert (၂၆' × ၅'× ၅') သုံးစင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Box Culvert  (၂၆'× ၅'×၅') သုံးစင်းအား ထန်ပါခွေမြို့တွင်းလမ်းပေါ် (83KM နှင့် 85KM) ကြားတွင် တိုင်းဒေသကြီးရန်ပုံငွေ (၇၃)သန်းဖြင့် လမ်းအထူး (၈) အဖွဲ့မှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း တာဝန်ခံအင်ဂျင်နီယာ (SAE- ဦးကျော်ဇင်လတ်) ကပြောသည်။

ယခင်နှစ်များတွင် မိုးတွင်းကာလ၌ ရေများတိုက်စားသောကြောင့် ယာဥ်ကြီး၊ ယာဥ်ငယ် ဖြတ်သန်းသွားလာရခက်ခဲကာ ယခုလို Box Culvert တည်ဆောက်ပေးခြင်းဖြင့် မိုးတွင်းကာလ၌ အဆင်ပြေစွာ သွားလာရလွယ်ကူတော့မည်ဖြစ်ကြောင်း ကုန်သည် ဦးဝင်းမင်းသန်းက ပြောသည်။

အလန် (ပြန်/ဆက်)