မင်းလှမြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

မင်းလှ ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ဖြန့်‌ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆေးကုသမှုခံယူကြသည့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဗီတာမင်စီဆေးကတ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)