သရက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ဘဏ်ထုတ်ရက် များတွင် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင်ကျန်းမာရေး ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း၊ မကူးစက်သော ရောဂါများနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်း ဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်သည့် အငြိမ်းစားဝန်ထမ်းများအား လစဉ် အပတ်စဉ်တိုင်းကုသမှုပေးနေသည့် ဗုဒ္ဓဟူးနေ့များတွင် လာရောက်ကုသကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)