မြို့သစ် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်၊ အယူအဆများ ဖလှယ်တတ်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade – 11 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်အောင်နန်းထက်၊ မောင်ကျော်လွင်ဦး၊ မခင်ဘုဏ်း၊ မသီရိကြယ်စင်၊ မသွန်းလဲ့ဝတီတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့် လောဘအစရှိသည့် ခေါင်းစဉ်(၅)ခုဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးမှုများအား အသီးသီး ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)