ငဖဲ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ငဖဲမြို့မရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးအရာရှိ ဦးပွားမောင်က ဦးဆောင်ကြီးကြပ်၍ ဒုလဝမှူး ဒေါ်ချောစုထွန်းနှင့် ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့မရပ်ကွက်မှစတင်၍ အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြု၍ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လူနေ/မနေအဆောက်အအုံ(၁၃)ခု အိမ်ထောင်စု(၁၁)စု၊ ကျား(၂၀)၊ မ(၃၀) စုစုပေါင်း(၅၀)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့သည်။
ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်တွင် ကောက်ကွက်ပေါင်း(၇)ကွက်အား (၂၂.၁.၂၀၂၄)မှ (၃၁.၃.၂၀၂၄)ထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)