ညောင်တုန်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့် ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မြို့နယ်နယ်အတွင်းရှိ ကျေးရွာအုပ်စုတို့တွင် သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)