ခန္တီး ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အ.ထ.က(ခန္တီး) ကျန်စစ်သားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ကျောင်းသား/သူလေးများက ကြိုဆိုပါတယ်စုံညီပွဲတော် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ခန္တီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ကာ ခန္တီးမြို့နယ်ပညာရေးမှူး ဉီးဝင်းလွင်ဉီးက စုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားနေသည့်ပညာရေးစနစ်များ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြာသော ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ခရိုင်/မြို့နယ်အဆင့် ပညာရည်ထူးချွန်ဆုရရှိသော ကျောင်းသား/သူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျောင်းသား/သူလေးများက အကဗဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း လှုပ်ရှားဆောင်ရွက်မှုများ၊ သင်ထောက်ကူပစ္စည်းများကို ဧည့်သည်တော်များက စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)