ဘိုကလေးမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ မီးကြွင်းမီးကျန်များမှ တစ်ဆင့် လူနေအိမ်(၃)လုံး မီးလောင်ပျက်စီးခဲ့ရာ ညနေ(၅)နာရီခွဲအချိန်၌ မီးဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်ခဲ့သည်။

ထောက်ပံ့ရာတွင် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊  ဦးအောင်မျိုးထွန်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မီးဘေးသင့် အိမ်ထောင်စုဝင်များထံ သို့ အရောက်သွား၍ မီးလောင်ပျက်စီးနေအိမ်(၃)လုံးနှင့် မီးဘေးသင့်လူဦးရေ(၁၁)ဦးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ(၃၂၃၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)