စလင်း ဇန်နဝါရီ ၂၁
ကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃၊၂၀၂၄ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ပျိုးရန် (၉၆၁၂၅)ဧကလျာထားခဲ့ပြီး ယနေ့အထိ(၁၁၁၆၄၁)ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လင်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတို့ရှိ တောင်သူများ ယခုနှစ် ၂၀၂၃၊ ၂၀၂၄ ဆောင်းရာသီစိုက်ပျိုးရန် ဧက(၉၆၁၂၅)အားစိုက်ပျိုးရေးဦးစီးဌာနမှလျာထားခဲ့ပြီး ယနေ့အထိ ပဲမျိုးစုံ(၁၁၁၆၄၁)ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း တောင်သူများအနေဖြင့် ပဲမျိုးစုံ မိုးစပါးရိတ်သိမ်းအပြီး ထွန်ရက်စိုက်ပျိုးကာ သီးထပ်သီးညှပ်စိုက်ပျိုးပြီးစီးကြပြီဖြစ်ပါတယ် သီးထပ်သီးညှပ်နည်းပညာများဖြင့်လဲ စိုက်ပျိုးနိုင်ကြစေရန် တိုက်တွန်းဆွေးနွေးမှုများဖြင့် ဆောင်ရွက်လျက်ရှိရာ စလင်းမြို့နယ် ပေါက်လေးပင်ကျေးရွာအုပ်စုနှင့်ဧရာဝတီမြစ်ကြောင်း တစ်လျှောက်လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူအများစု ပဲမျိုးစုံစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဧက (၉၆၁၂၅)စိုက်ပျိုးပြီးစီး (၁၁၁၆၄၁)ဧကနှင့် ရိတ်သိမ်းပြီးဧက (၄၃၄၈၇)၊ တစ်ဧကအထွက်နှုန်းပျမ်းမျှ (၄၈၀.၅၆ထွက်ရှိကြောင်း ယခုနှစ် မတ်ပဲလျာထား (၂၂၁၀)ဧကမှဧက ပြည့်မီအောင်စိုက်ပျိုးပြီးစီးခဲ့သည့် ယခင်နှစ်မတ်ပဲတစ်ဧကစိုက်ပျိုးရာ ၂၅ တင်းမှ ၃၀ တင်းသာထွက်ရှိခဲ့သော်လည်း ယခုနှစ်ရာသီဥတုကောင်းမွန်၍ တစ်ဧကလျှင် ၃၅ တင်းမှ ၄၀ တင်းကြားထွက်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပဲတီစိမ်းလျာ ထားဧက(၂၅၁၁၆)လျာထားခဲ့သော်လည်း (၄၃၄၁၆)ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြပြီး ယနေ့အထိ ရိတ်သိမ်းပြီးဧက (၃၈၉၆၀)ဧကကျော် ရိတ်သိမ်းပြီးစီးခဲ့ကာ တစ်ဧကအထွက်နှုန်း(၁၆.၇၈) ထွက်ရှိ သည်ဟုသိရသည် ပေါက်လေးပင်အုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်အတွင်း စိုက်ပျိုးကြသည့် တောင်သူအများစုသည် စားတော်ပဲလျာထားဧက(၇၀၃၁)နှင့် စိုက်ပျိုးပြီး ဧက (၆၁၃၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြသည့်ယခင်နှစ်တွင် စားတော်ပဲတစ်တင်းလျှင် (၁၄၅၀၀၀) ကျပ်ရောင်းချရကြောင်း ကုလားပဲတစ်တင်းကို (၇၀၀၀၀)ကျော် ရောင်းချခဲ့ကြရပြီး ယခုနှစ်တွင်
ကုလားပဲတစ်ဧကကို ၃၀ တင်းဝန်းကျင်ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း ပဲစိုက်တောင်သူ ပေါက်လေးပင်ကျေးရွာ ဦးဝင်းသိန်းပြောပြချက်အရသိရှိရကာ အဆိုပါပဲစိုက်ခင်းများ အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များ သွင်းအားစုများ ရိတ်သိမ်းချိန်လွန်နည်းပညာများ မြေဆီလွှာထိန်းသိမ်းရေး နည်းပညာပေးသရုပ်ပြများဖြင့်ကွင်းဆင်း ပညာပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း