သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သာယာဝတီ  ဇန်နဝါရီ  ၂၁ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သုံးဆယ်မြို့ Perfect Generation Education Centerခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို PGEC မိသားစုမှ ဆောင်ရွက်ခြင်းဖြစ်ပြီး လူမူထူးချွန် ပထမအဆင့် သုဓမ္မမဏိဇောတဓရ မြို့နယ်စာရေးဆရာ အသင်းနာယက စံချိန်မီ ဦးလှထွန်းနှင့်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း(ပန်းတကာမောင်ထွန်း) တို့ကအဖွင့်အမှာ စကားများ ပြောကြားပြီး ၂၀၂၂ခုနှစ် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကျင်းပသည့် စာပေဗိမာန် ပြိုင်ပွဲတွင် "ပိုးကိုက်ရာကင်းပန်းတခင်း" ကဗျာပေါင်းချုပ် စာမူဖြင့် ပထမဆုရရှိသည့် ဦးမြင့်ချို ဘုန်းမြင့်ချို(သာယာဝတီ)နှင့် နိုင်ငံရေး စာမူဖြင့် တတိယဆု ရရှိသည့် ဦးခင်အေး ခင်အေး(စက်မူ) တို့အား စာရေးဆရာ အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်းသည်။

 အဆိုပါအခမ်းအနားသို့ မြို့နယ်စာရေးဆရာအသ်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)နှင့်အဖွဲ့ဝင်များ၊ PGEC ကိုယ်ပိုင်ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)