မင်းဘူး ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပွဲရုံများသို့ ပဲစင်းငုံသီးနှံများ လှိုင်လှိုင်ရောင်းချလျက်ရှိကာ တစ်နေ့လျှင်ပဲစင်းငုံတင်းရေ ၂၀၀၀ ကျော် ဝင်ရောက်လျက်ရှိကြောင်း ထက်ယံကျော်ပွဲရုံပိုင်ရှင် ဦးခင်မောင်ထွန်းထံမှသိရသည်။
ပဲစင်းငုံသီးနှံများကို မင်းဘူးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ပက်ပယ်၊ ရေငံ၊ မကျီးသုံးပင်၊ မုန်တောင်၊ ကျွန်းပြား၊ မောင်းမကန်၊ ရွှေချောင်း၊ ရှမ်းတပ်စသော ကျေးရွာများနှင့် မင်းတုန်းနယ် အနီးအနားမှ ကျေးရွာများကလည်း လာရောက် ရောင်းချလျက်ရှိကာ တစ်တင်းလျှင် ကျပ် ၁၁၁,၀၀၀ ဈေးရရှိကြသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိသည့်အပြင် ထွေထွေထူးထူး ဂရုစိုက်စရာမလိုသောကြောင့် တောင်သူများ တွက်ခြေကိုက်သော သီးနှံဖြစ်သောကြောင့် အခြားသီးနှံများထက် စိုက်ပျိုးရတာ ပို၍အဆင်ပြေကြောင်း မောင်းမကန်ကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
ဝင်းနိုင်