ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပဲခူး ဇန်နဝါရီ ၂၁

၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက ယနေ့ကျင်းပပြုလုပ်သည့်အမျိုးသားဘောလုံးပြိုင်ပွဲသည် သာမာန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွက်လာစေရေး ပြိုင်ပွဲတစ်ရပ် အဖြစ်မှတ်ယူပြီး ယှဥ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး အားကစား စိတ်ဓာတ်အပြည့်အဝနဲ့ သန့်သန့်ရှင်းရှင်း ယှဥ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာဆုံးဖြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာဓိဌာန်()ချက်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြပြီး သယံ ဇာတရေးရာဝန်ကြီးဦးတင်သိန်းက အထက() ကိုယ်စားပြုဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေကျပ်()သိန်းအား ချီးမြှင့် ပေးအပ်ပြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်()ခရိုင်မှ ဘောလုံးအသင်း ()သင်းပါဝင်ပြီး အုပ်စု()အုပ်စုခွဲ၍ ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ယှဥ်ပြိုင် ကစားသွားကြမှာဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)