သရက်မြို့၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်‌အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမ၌ ကျင်းပရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ပ်ရေး အဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် အထက်တန်းကျောင်းအုပ်ဆရာ /ဆရာမများ ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာ စကားပြောကြားရာမှာ ယခုနှစ် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  Grade-12အောင်ချက် ပိုမိုမြင်မားလာစေရေးနဲ့ ကောင်းမြတ်တဲ့အစဉ်အလာကို ထိန်းသိမ်းနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများရဲ့ လမ်းညွှန်ကြီးကြပ်မှု သက်ဆိုင်ရာ အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ့)နှင့် ကိုယ်ပိုင်အထက်ကျောင်းများရဲ့ ကျောင်းအုပ်ကြီးများ၊ ဘာသပြ ဆရာ၊ ဆရာမအားလုံးဟာ အောင်ချက်မြင့်မားရေးနဲ့ အောင်မှတ်မြင့်မားရေးတို့အတွက် ကြိုးစားပမ်းစားဆောင်ရွက်နေတာ သိရလို့ဝမ်းမြောက်မိပါကြောင်း ပြောကြားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက ပညာရေးဆိုင်ရာလမ်းညွှန်ချက်ပတ်သက်၍ လမ်းညွှန်မှာကြားပေးသွားပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးကစာမေးပွဲ လုပ်ငန်းဆိုင်ရာများ စီစဉ်ထားမှုများနှင့်  ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)