ဒေးဒရဲ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိသားစုအပိုဝင်ငွေ တိုးတက်စေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ယမန်နေ့နံနက် (၁၁) နာရီက ဒုတိယဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စုနှင့် ကျုံဒူးဒါးမလိမ်းကျေးရွာ အုပ်စုရှိ ရေငန်ဝင်ရောက်၍ နွေစပါးမစိုက်ပျိုးနိုင်သည့် လယ်မြေများတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်မှုများနှင့် စိုက်ပျိုးရေး လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျုံဒူးဒါးမ လိမ်းကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း