မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၂) မှ ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းဆွေတို့က အဖွင့်မှာစကားပြေားကြားခဲ့ပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြကြင်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းဆွေ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများက ဆုအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက “ကျေးဇူးတင်ပါတယ်ရှင်”၊ “လောကအားမာန်”၊ “ဦးရွှေရိုးနှင့်ဒေါ်မိုးအက၊ အလှကမ္ဘာမြေ”စသည့် တေးသီးချင်များဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)