ပိုင်ကျုံ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့လုထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာနည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ လိုအပ်သည့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများ အသိပညာဗဟုသုတပိုမိုရရှိစေရန်အတွက် ပြသထားသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)