ရေကြည် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အသုတ်မြို့အတွင်းရှိ ဆေးဆိုင်များတွင် သောက်သုံးရန်မသင့်သည့်ဆေးဝါးများရောင်းချခြင်းရှိမရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိခြင်းရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့(၉)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမားရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းကာ အသုတ်မြို့မဈေးအတွင်းဆေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဆိုင်များသို့စစ်ဆေးရာတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိမရှိ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် အများပြည်သူစားသုံးရန်မသင့်သောဆေးများကို ဒေသခံပြည်သူများဝယ်ယူစားသုံးခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းများမရှိစေရန် လိုက်လံစစ်ဆေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများအားသိမ်းဆည်း၍ အသုတ်မြို့ဆေးရုံဝန်းတွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)