ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်း ရွှေ့လူနေအိမ် ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့

ရေစကြို အောက်တိုဘာ ၂၈

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရေစကြိုမြို့နယ်၊အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာ၊ချင်းတွင်း မြစ်ရေတိုက်စား၍ကမ်း ပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် လူနေအိမ် ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာတွင် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ် ၄၇ လုံး၊အိမ်ထောင်စု ၄၇ စု၊လူဦးရေ ၂၁၄ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၄၇၀၀၀၀ဝိ/- ကျပ်၊ ဆန်ရိက္ခာဖိုး ၄၄၉၄၀ဝိ/-ကျပ်၊ စုစုပေါင်းငွေကျပ် ၅၁၄၉၄၀ဝိ/- ကို  အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ငွေ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ နယ်မြေခံတပ်မှ ဗိုလ်မှူး ဇော်ဇော်နိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးဦးညီညီအောင်ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအ ဖွဲ့ဝင်များနှင့်အတူ  ဘေးသင့် ပြည်သူများထံ လက်ဝယ်  အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်အောင်( ပြန်/ဆက်)