ပြည် ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စောယုမော်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းမှရရှိသည့် ကုန်ချောပစ္စည်းများ ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ လက်ခံ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)