ငါးသိုင်းချောင်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းပေါ်တွင် သတင်းတုသတင်းမှားများ မဖွယ်မရာများနိုင်ငံရေးအရတိုက်ခိုက်ပြောဆိုတင်ပြခြင်းများ အပေါ်ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁:၃၀)နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ငါးသိုင်းချောင်းနယ်မြေစခန်းမှူး ဦးတင်လင်းထွဋ်မှ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားများတင်ပြခြင်း၊ မဖွယ်မရာတင်ပြခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများအပေါ်ပြုလုပ်တင်ပြမိပါက တရားဥပဒေနှင့်အညီ ဆောင်ရွက်ခံနိုင်ရကြောင်းဆုံးမပြောကြားကြောင်း သိရသည်။ ထိုဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများ(၃၆၅)ယောက် တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)