ဒိုက်ဦးမြို့နယ် အ.ထ.က (၁) ကျိုက်စကော (ကျွဲတဲကွင်း) အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၉) နာရီက ဒိုက်ဦးမြို့နယ် အ.ထ.က (၁) ကျိုက်စကော (ကျွဲတဲကွင်း) အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုစောငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန် ၊အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြသာနာများကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေ စာဖတ်သည့်အကျင့်ကောင်းများ ရရှိစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအား မျှဝေပေးနိုင်ရန်၊ လူထုအကြား အပြန်အလှန်ဆွေးနွေးမေးမြန်းဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြတ်ဇော်ထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်မာသင်းတို့နှင့်အတူ Grade 10 နှင့် Grade 11 တို့မှ ကျောင်းသား/သူ(၅)ဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဘဝအတွက်စာဖတ်ကြရန်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးက အားကာသိပ္ပံအကြောင်းများကိုလည်းကောင်း မြို့နယ်လူမှူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ကလေးသူငယ်အခွင့်အရေးအကြောင်းကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ (ကျွဲတဲကွင်း) အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၁၀ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၃) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)