ငပုတော ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု ရေငံသရက်ကုန်းကျေးရွာ၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်က စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ထူးချွန်ဆုရရှိ ကြသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးက ဆုများချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဆက်လက်ဖော်ဖြေနေမှုအား ကြည့်ရှု့အားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက”မြန်မာ့ကျောင်းသီချင်း” သီဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)