၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် Census Unit များတွင် အဆောက်အအုံမှတ်ပုံတင်ခြင်းလုပ်ငန်း သာပေါင်းမြို့နယ်၌ စတင်ဆောင်ရွက်

သာပေါင်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် Census Unit များတွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမှတ် (၂) ရပ်ကွက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဝန်ထမ်းများက အဖွဲ့(၃)ဖွဲ့ခွဲ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင် ရေးအတွက် CU-003တွင် စာရင်းရေးသွင်းနိုင်ရေး အမှတ် (၂) ရပ်ကွက်၊ ဘောလုံးကွင်းလမ်းမှစ၍ လူနေ/လူမနေအဆောက်အအုံများအား Mobile Tablet အသုံးပြု၍ မှတ်တမ်းတင်ကောက်ယူခြင်းအား စတင်ဆောင်ရွက်လျက်ရှိရာ လူနေအဆောက်အဦး (၄၈) လုံးနှင့် လူမနေအဆောက်အဦး (၅) လုံး ပေါင်း အဆောက်အဦး (၅၃) တို့အား မှတ်တမ်းတင်ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို (၁၇-၁-၂၀၂၄) မှ (၃၁-၃-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း