ရွှေဘို ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ ခရိုင်အတွင်းရှိ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ၊ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့်အကျွမ်းတဝင်ဖြစ်စေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည်အထိ သင်တန်းပို့ချချက်များကို ဂရုစိုက်မှတ်သားကြရန်ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က တိုင်းဒေသကြီးအစိုးအဖွဲ့မှ ပံ့ပိုးပေးမှုများနှင့် သင်တန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှပံ့ပိုးပေးမှု အခြေအနေများ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၄)ကို သင်တန်းသား/သူ(၂၂)ဦး တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းကာလ (၁)လကြာ ဖွင့်လှစ်၍ Typing (Eng & Myanmar) Microsoft (Excel,PowerPoint,Word) ၊ ရုံးစာ၊ ဖိတ်စာ၊ အထွေထွေသိမှတ်စရာများ၊ Internet e-mail အသုံးပြုနည်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်တွင်(၃)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားသင်တန်းသူ (၅၀)ဦးသင်ကြားပို့ချပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)