အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

အမာ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး  ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မိုးကျော်လွင်က ကျောင်းသား/ကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်း သွားလာရာတွင် ယာဉ်/လမ်း အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ထားသော စည်းကမ်းများအတိုင်း သွားလာနေထိုင်စေရေး ဆောင်ရန်/ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေး လမ်းညွှန်များအ‌ကြောင်း၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွှန်များ၊ အမိန့်ပေး လမ်းညွှန်များ အကြောင်းတို့ကို  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမာမြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မိုးကျော်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ‌အ.ထ.က(အမာ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ‌၊  ဌာနဆိုင်ရာများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၅၀)ခန့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)