မြောင်းမြခရိုင် (Community Centre) တွင် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကျင်းပ

မြောင်းမြ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင်  ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းရည်ထက်မြက်လာစေရန် ရည်ရွယ်၍ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ကြပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ခင်‌ဝေဝေမြင့်က  ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)