ဘိုကလေး ဇန်နဝါရီ ၁၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ယနေ့နံနက် (၁၀)နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၁၈)လမ်းမတစ်လျှောက်၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းအကြိုလုပ်ငန်းအနေဖြင့် GISနည်းပညာဖြင့် Mobile Tablet အသုံးပြုကာ အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များပူးပေါင်းကာ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်မှုသည် ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီ (၁၇) ရက်နေ့မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး မတ်လကုန်အထိ ဘိုကလေးမြို့ပေါ် (၁၀) ရပ်ကွက်တွင် အပြီးသတ် မှတ်တမ်းတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဘိုကလေးမြို့နယ်ရုံးအဖွဲ့၏ မှတ်တမ်းတင်ဆောင်ရွက်နေမှုအပေါ် လွယ်ကူလျင်မြန်စွာ ပြီးစီးဆောင်ရွက်နိုင်ရေးအတွက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)