ခန္တီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ခန္တီး ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အ.ထ.က(ခွဲ)မြို့မကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ကျောင်းသား/သူလေးများက ပညာရေးစုံညီပွဲတော် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခန္တီးမြို့နယ်ပညာရေးမှူး ဉီးဝင်းလွင်ဉီးက အဖွင့်အမှာစကားပြောကြားကာ ကျောင်းအကျိုးတော်ဆောင်ကော်မတီဉက္ကဋ္ဌ ဉီးမောင်သိန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(ခွဲ)မြို့မ၊ ကျောင်းအုပ်ဆရာကြီး ဉီးရိုဗင်ဇော်ရာက စုံညီပွဲတော်ဖြစ်မြောက်ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာကြောင်းပြောကြားကာ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသူများနှင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ဆုရရှိသူများကို သက်ဆိုင်ရာဆရာ/မများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစုံညီပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျောင်းသား/သူလေးများက သီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)